Android ဖုန်းတွေ အတွက် mminfoandnews.apk လေးပါ။

Myanmar Information and News Android Application ကို အသုံးပြုခြင်းအားဖြင့် 

  • နေ့စဉ် သတင်းဝက်ခ်ဆိုဒ် ( ၁၈) ဆိုဒ်မှ သတင်းများကို Online Update သတင်းများ ဖတ်ရှု့နိုင်ခြင်း
  • သတင်းဝက်ခ်ဆိုဒ်များမှ သတင်းများကို Offline အနေဖြင့် ဖတ်ရှု့နိုင်ခြင်း အစရှိသည်တို့ကို အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါသည်။ 
  • ဒီနေရာမှာ ဒေါင်းလုပ်ရယူလိုက်ပါ။ 
  • Click Here =>> Download 
  •  
  •  

11:52 AM | Posted in | Read More »

ဖုန်း(Phone) လော့ကျရင် မပူပါနဲ့ ....


မြန်မာလူမျိုးအများစုက ဖုန်းသာကိုင်တာ ပါ။ သေသေချာ ချာတော့မလေ့လာပါဖူး...

ဒါပေမယ့်လေ့လာလို့၇အောင် အလိမ်မခံ၇အောင် ဒါလေး တင်ပေးတာပါ။

ပထမတစ်ခါတင်သေးတယ်။ မေ၇ာက်တာလား။ အချိန် မလောက်လို့ ပိတ်လိုက်တော့ မတက်တော့တာလားတော့

မသိပါဖူး။ လက်တလောတော့ ဖုန်းအကြောင်းသိချင် သူတွေ မေးလို့၇ပါတယ်။ ကျနော်သိထား သလောက်တော့ပြောပြပါ မယ်။

အခုလတ်တလောပြောပြချင်တာက တစ်ခါတုန်းကကျနော်တင်ထားတဲ့ ဖုန်းလေးတွေလော့ချနည်းနဲ့ ပတ်သတ်နေပါတယ်

လူကြီးမင်းတို့ကိုပြောဖူးပါတယ်။ အဲ့တာက လော့တွေမှားချမိတဲ့သူတွေရှိပါတယ်။ အဲ့အတွက်ပြောပြ ချင်တာပါ။

အဲ့တုန်းကလေ့လာနေတုန်းမို့ ပြန်လည်မရှင်းပြနိုင်တာ ခွင့်လွတ်ပါလို့.............. 

အခုဖုန်းတွေမှာ ဖြစ်တက်တာက (ဖုန်းလော့နဲ့ (SIM)ကတ်လော့တွေမှားချမိတာပါ) အဲ့အတွက်တော့ မပူပါနဲ့တော့။

ကျနော်ရှင်းပြပါမယ်။ အစတုန်းကဆက်သွယ်ရေးကနေ ဖွင့်၇င်ပိုက်ဆံတောင်းပါတယ်။ တစ်ချို့ဆို ၅၀၀၀၀ လောက် ပေးရတယ်။ ဒါတွေမဖြစ်တော့ပေမယ့် သူတို့ကနောက်ထွက်တဲ့ (SIM)ကတ်တွေမှာ နံပတ်တွေပါမလာတော့ဖူး။

အ၇င်ဝယ်ထားတဲ့ဆင်းကတ်ရဲ့ (ချိုးတဲ့ကတ်အကြီးပေါ်မှာ)တွေမှာ နံပတ်လေးတွေပါတယ်။ အဲ့နံပတ်တွေ က(PUK-xxxxxxxxx)လို့ရေးထားတယ်။ အဲတာလေးတွေရိုက်လိုက်၇င်ပွင့်တယ်။ သူက၃ခါရိုက်၇တယ် ကိုယ်ကနံပတ် မမှတ်မိတော့၇င် ပထမတစ်ခါမှာ ၁၂၃၄၅ လို့ရိုက်လိုက်၇င် (PIN)ကနေ (PUK) လို့ ပြောင်း သွားပြီးမှ ၂ ခါနဲ့၃ ခါမြောက်ကျ၇င် (PUK) နံပတ်ကိုရိုက်လိုက် အဲတာဆိုဖုန်းပွင့်သွားလိမ့်မယ်။ ပြီးတော့မှ settting ထဲဝင်ပြီး (phone lock (or)security lock)ကိုဝင်ပြီး (SIM)(PIN 1)ကိုထပ် ၀င်ပြီးဖြေပေးပြီး(OFF)လိုက်မှ ပြီးတာနော်..။

ref: http://www.mmcfamily.org

2:54 PM | Posted in | Read More »

C8650, C8800, S8600, U8800 ကို Root မရတဲ့သူတွေ

C8650, C8800, S8600, U8800 ကို www.unlockroot.com နဲ့ root မရတဲ့သူတွေ


*#*#2846579#*#*


Dialpad မှာ *#*#2846579#*#* နှိပ်လိုက်ပါ ။



Project Menu => Backgroud Settings >> USB Port Settings ထဲ ဝင်ပြီး Manufacture Mode ကို ရွေးလိုက်ပါ ။

ပြီးနောက် Project Menu >> Backgroud Settings >> Log Settings >> Log Switch မှာ
LOG ON ရွေးပြီးရင်..
Log Settings -> LOG Level မှာ VERBOSE ကို ရွေးလိုက်ပါ ။

ဖုန်းကို ပါဝါပိတ်ပြီး ပြန်ဖွင့်ပြီး သကာလ.. unlockroot နဲ့ ထပ်တကြိမ် root ကြည့်လိုက်ပါ။ အိုကေသွားပါလိမ့်မယ် ။

အိုခေပြီး စက်က restart ကျပီးသွားပြီဆိုရင်..
Project Menu -> Backgroud Settings -> USB Port Settings ထဲ ဝင်ပြီး Normal Mode ကို ပြန်ရွေး.. ပါဝါပိတ်ပြီး ပြန်ဖွင့်လိုက်ပါ ။

4:59 PM | Posted in | Read More »

Call Blocker Gold full ဖုန်းခေါ်လို့မရအောင်


ဖုန်းခေါ်လို့မရအောင် Call Blocker Gold

ကိုယ့်ဖုန်းကိုသူများယူကိုင်ပြီး ဖုန်းတွေလျောက်ခေါ်လို့မရအောင် ပိတ်ထားလို့ ရသလို၊ ကိုယ်မပြောချင်တဲ့ ဖုန်းနံပါတ်တွေက ကိုယ့် ကိုခေါ်မရအောင် ပိတ်ထားလို့ ရတဲ့ Call Blocker Gold ပါ။ Massage တွေ မပို့စေချင်လည်း ပိတ်ထားလို့ရပါတယ်။ အရင် ကျွန်တော်တို့ Nokia phone တွေတုန်းကပါတဲ blacklist program နဲ့တူပါတယ်။



11:00 AM | Posted in | Read More »

Android ဖုန်းပေါ်မှာသုံးချင်သူတွေအတွက် Meebo

gtalk နဲ့ Facebook chat တွေကို Android ဖုန်းပေါ်မှာသုံးချင်သူတွေအတွက် Meebo



gtalk နဲ့ facebook chatတွေကို Android ဖုန်းပေါ်မှာသုံးချင်သူတွေ အတွက် အဆင်ပြေဆုံးဖြစ်မှာပါ။ gtalk ကို sigin ၀င်ရောက်တာ အမြန်ဆုံးလို့ ပြောလို့ရတဲ့ application တစ်ခုလည်းဖြစ်ပါတယ်။


gtalk အပြင် facebook chat, yahoo chat ,msn chat, AIM chat ,ICQ chat, Jabber chat, နဲ့ Myspace chat တို့ကိုပါ ဒီ applicationတစ်ခုတည်း နဲ့သုံးနိုင်ပါတယ်။ တော်တော်ကောင်းပါတယ်။အောက်မှာ ရယူနိုင် ပါတယ်။


Meebo v2.2 အားရယူရန်


Description


Meebo for Android is an instant messenger client for Android phone. The app allows you to log into all your IM accounts and send messages for free. It supports AIM, Yahoo!, Facebook, Windows Live Messenger, MySpace, Google Talk, ICQ and Jabber IM networks.
The Meebo client for Android runs in the background and displays new notifications in the system tray.
Recent conversations appear in a new group at the top of your buddylist.

Download

Meebo 22 seem to be the latest available version. Below you can find file(s) assigned to this version:
meebo_22.apk

2:07 PM | Posted in | Read More »

Android ဖုန်းမှာ အင်တာနက်ကို Desktop Computer ဖြင့် ချိတ်ဆက်ခြင်း

ပထမဆုံး အသုံးပြုမဲ့ User ရဲ့ Phone အမျိုး အစားကာ Android v.2.2 အထက်ဖြစ်ရ ပါမယ်။ နောက် အင်တာနက် လိုင်းဖွင့်ထားတဲ့ ဖုန်းလဲ ဖြစ်ရ ပါမယ်။







အောက်မှာပေးထားတဲ့ ပုံအတိုင်း ပြုလုပ်လိုက်ပါ။

(1) ဖုန်းရဲ့ Setting ထဲကိုဝင်လိုက်ပါ။
(2) ပြီးရင် Wireless & Network ကိုနှိပ်လိုက်ပါ။
(3) ထိုမှ တဆင့် Tethering and portable hotspot ရှာပြီးထပ်မံ နှိပ်လိုက်ပါ။ ပုံပါအတိုင်းတွေ့ရပါမည်။
(4) ဖုန်းရဲ့အားသွင်းတဲ့ USB ကြိုးဖြင့် ကွန်ပျူတာကို ချိတ်ဆက်ရန် USB tethering ကို အမှန်ခြစ်လုပ်ပေး ရပါမည်။
(မှတ်ချက်။ usb cable ကြိုးဖြင့်မချိတ်ဆက်ခင် usb tethering တွင် အမှန်ခြစ်လုပ်လို့မရပါ။ ထိုကြောင့် phone usb cable ကြိုးကို ကွန်ပျူတာ၏ usb ပေါက်တွင်ထည့်ပြီး လုပ်ကြည့်ရန်)


ဖုန်းရဲ့ Setting ထဲကိုဝင်လိုက်ပါ။ ပြီးရင် Wireless & Network ကိုရှာပြီးနှိပ်လိုက်ပါ။

ထိုမှ တဆင့် Tethering and portable hotspot ရှာပြီးထပ်မံ နှိပ်လိုက်ပါ။

USB Cable ကြိုးနှင့် ကွန်ပျူတာ မချိတ်ဆက်မီ တွေ့မြင်ရပုံ


(မှတ်ချက်။ usb cable ကြိုးဖြင့်မချိတ်ဆက်ခင် usb tethering တွင် အမှန်ခြစ်လုပ်လို့မရပါ။ ထိုကြောင့် phone usb cable ကြိုးကို ကွန်ပျူတာ၏ usb ပေါက်တွင်ထည့်ပြီး လုပ်ကြည်ရန်)

USB Cable ကြိုးနှင့် ကွန်ပျူတာ ချိတ်ဆက်ပြီး တွေ့မြင်ရပုံ

USB ကြိုးဖြင့် ကွန်ပျူတာကို ချိတ်ဆက်ရန် USB tethering ကို အမှန်ခြစ်လုပ်ပေးရပါမည်။

အားလုံး ချိတ်ဆက်ပြီးရင် အင်တာနက်လိုင်းဖွင့်ပေးဖို့ Date Service is disabled ကို Enable လုပ်ပေးပါ။


Data Service is Enabled လုပ်ပြီးနောက် 3G Network တက်လာပြီး အင်တာနက်စတင်အသုံးပြုနိုင်ပါပြီ။
အထက်ပါ လုပ်နည်းအတိုင်း Laptop ကွန်ပျူတာဖြင့်လဲ ချိတ်ဆက်နိုင်ပါသည်။ ကြိုးမဲ့ Portable Wi-Fi hotspot ဖြင့် အသုံးပြုပါလို့လဲ ရပါသည်။ udb tethering ကို အမှန်ခြစ်မပေးပဲ Portable Wi-Fi hotspot ကို အမှန်ခြစ်ပေးခြင်းဖြင့် ကြိုးမဲ့ Wi-Fi ကို ဆက်ချိတ်အသုံးပြုနိုင်ပါသည်။

KOHTUN(IT Group)









8:23 PM | Posted in | Read More »

Android ဖုန်းတွေအတွက် ရန်ကုန်လမ်းညွန် App လေးပါ

Android ဖုန်းတွေအတွက် ရန်ကုန်လမ်းညွန် App လေးပါ




Yangon Directory Group မှထုတ်ဝေသော Yangon Directory နှင့် Mandalay Directory တို့အား Mobile Phone များတွင်အသုံးပြုနိုင် ရန် အတွက် ဖြန့်ချိလိုက်ကြောင်းသိရသည်။ လက်ရှိအချိန်တွင် Android OS နှင့် Symbian OS အသုံးပြုထားသောဖုန်းများအတွက် စတင် အသုံးပြုနိုင် ပြီဖြစ်ကြောင်းလည်း သိရသည်။

Download>> Yangon Directory for Android, iPhone, Java

 
 

Yangon Directory နှင့် Mandaly Directory တို့တွင် စာအုပ်များ တွင်ပါဝင်သော Data များထဲမှ အကြောင်း အရာပေါင်း (၆၈၀၀) ကျော် ကို ထည့်သွင်းပေးထားပြီး၊ မိမိဖုန်းမှတစ်ဆင့် သိရှိလိုသော Address နှင့် Phone Number များကို လွယ်ကူပေါ့ပါးစွာ ရှာဖွေအသုံးပြုနိုင်မည်ဖြစ်သည်။ Offline အသုံးပြုနိုင်သော Application တစ်ခုဖြစ်ခြင်းကြောင့် မည် သည့်နေရာသို့မဆို သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်ပြီး၊ Update Feature များကိုလည်း စီစဉ်ထားကြောင်း သိရှိရသည်။ Yangon Directory နှင့် Mandalay Directory ကို ထည့်သွင်း အသုံးပြုလိုသူများအနေဖြင့် www.yangon-directory.com မှ Computer မှတစ်ဆင့်ဖြစ်စေ၊ Phone ဖြင့် တိုက်ရိုက်ဖြစ်စေ အခမဲ့ Download ရယူအသုံးပြုနိုင်မည်ဖြစ်ပြီး၊ နီးစပ်ရာ ဖုန်းဆိုင်များတွင်လည်း ထည့်သွင်း အသုံးပြုနိုင် မည်ဖြစ်ကြောင်း သိရသည်။
 

12:26 PM | Posted in | Read More »

Android ဖုန်းများအတွက် အလွယ်ကူဆုံး root လုပ်နည်း

ဒီနည်းက z4root နဲ့  အဆင်မပြေတဲ့သူတွေအတွက်ပါ။
GingerBreak-v1.20.apk လေးကို ဖုန်းထဲမှာ install လုပ်ပြီး root လုပ်ပေးရုံပါပဲ။ အရမ်းလွယ်ပါတယ်။


Download GingerBreak-v1.20.apk

1. အရင်ဆုံး Settings >> Applications >> Unknown Sources ကို အမှန်ခြစ်ပေးလိုက်ပါ။
Settings >> Applications >> Development >> USB Debugging ကို လဲ အမှန်ခြစ်ပေးလိုက်ပါ။









2. အပေါ်ကအဆင့်ပြီးသွားရင် ဖုန်းထဲမှာ GingerBreak Application လေးကိုဖွင့်ပြီး Root Device ကိုနှိပ်လိုက်ပါ။

Root လုပ်နေချိန်ကို ခဏစောင့်လိုက်ပါ။ Root လုပ်ပြီးသွားရင် ဖုန်း reboot ဖြစ်သွားပါလိမ့်မယ်။ ပြန်တက်လာရင်တော့ သင့်ဖုန်းဟာ root လုပ်ပြီးသားဖုန်း ဖြစ်သွားပါပြီ။ Superuser ဆိုတဲ့ Application လေးတစ်ခု တိုးလာတာကိုတွေ့ ရလိမ့်မယ်။

1:22 PM | Posted in | Read More »

Tango Software (Free mobile video calls over 3G,4G & WiFi)

Tango ဆိုတဲ့ video call software တစ်ခု ကို တော်တော် များများသိ့ပြီးကြလောက်ပါပြီ။ ကျွန်တော် မသိ့သေးတဲ့ သူတွေ အတွက် မျှဝေပေး လိုက်တာပါ။ ဒီ software လေးက အသုံးပြုရ တာ တော်တော်ကို အဆင်ပြေတယ်ဗျ။ ဥပမာ - computer ကနေ iPhone , iPad , Android phones, windows mobiles တွေကို အလွယ်တကူ video call ခေါ် လို့ ရနိုင်ပါတယ်။ mobile phone ကနေလဲ computer ကိုအလွယ်တကူ ခေါ်ဆိုနိုင်ပါတယ်။ သူ့ရဲ့ supported-devices တွေကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်။ အသုံးပြုရတာလဲ ခက်ခဲမှု မရှိပါဘူး။ Interface ကလဲ အရမ်းကို user friendly ဖြစ်တယ်။ စမ်းကြည့် လိုက်ကြပေါ့နော် .. ။

Step <1> အရင်ဆုံး ဒီဆိုဒ် လေးကနေ မိမိ အသုံးပြုမဲ့ device ပေါ်မူတည်ပြီး software ကို download ဆွဲ ပြီး install လုပ်လိုက်ပါ။ အဆင်ပြေအောင် ကျွန်တော် download link လေးတွေ ထပ်ဖြည့်ပေးလိုက်ပါ တယ်။

Step <2> Software Install လုပ်ပြီးသွားပြီဆိုရင်တော့ tango ကိုဖွင့်လိုက်ပါ။ အပေါ်ဆုံးက Mobile Number နေရာမှာ country code ရွှေးပြီး မိမိ ဖုန်းနံပါတ်ကို ထည့်ပေးလိုက်ပါ။

Step <3> Profile နေရာမှာ First Name , Last Name နဲ့ email address ထည့်ပါ။ ပြီးရင်တော့ submit ကိုနှိပ်ပေး လိုက်ပါ။

Step <4> Submit လုပ်ပြီးသွားပြီဆိုရင်တော့ content ကိုနှိပ်ပြီး မိမိ ခေါ်ချင်တဲ့ email address (or) Phone no ကို နှိပ်ပြီး အလွယ် တကူ ခေါ်ပြောလို့ ရပါပြီ။ voice ပြောလို့ ရသလို ၊ video call လည်း ခေါ် လို့ ရပါတယ်။

အားလုံးပဲ အဆင်ပြေကြပါစေဗျာ

5:02 PM | Posted in | Read More »

Huawei C8500 အား IceCream Sandwich 4.0.3 သို့ အဆင့်မြင့်ခြင်း

Huawei C8500 အား IceCream Sandwich 4.0.3 သို့ အဆင့်မြင့်ခြင်း


C8500 အား ICS 4.0.3 သို့ မြှင့်ပြီးတွေ့ ရပုံ

Bug လေးတွေ နည်းနည်းရှိနေပေမယ့် ကိုယ့် C8500 လေးကို နောက်ဆုံးပေါ် ICS 4.0.3 နဲ့ လန်းချင်ရင် ROM ကို ဒီမှာ Download လုပ်နိုင်ပါတယ်။

C8500 အတွက် Android 4.0.3 IceCream Sandwich Rom အားရယူရန်

6:11 PM | Posted in | Read More »

How to unlock Bootloader in Sony Xperia S

ပထမဆုံး Bootloader လုပ်ဖို့အတွက် ဆိုရင် သင့်ဖုန်း dial app ကိုဖွင့်ပြီးတော့ 
 (*#*#7378423#*#* (or *#*#service#*#*) ရိုက်ထည့်ပြီးတော့ Service Info > Configuration > Rooting Status မှာ Yes ဖြစ်မဖြစ်အရင် စစ်ပြီးမှ ဆက်သွားပါ
 အောက်မှ step တွေကို .. No လို့ရေးထားရင် Bootloader Unlock မလုပ်ပါနဲ့ ဘယ်လိုမှမရပါဘူးခင်ဗျာ.
ပြီးရင် သင့်ဖုန်းက IMEI Code ကို Dial *#06# လို့ရိုက်ပြီး ထွက်လာတဲ့ Code ကို Notepad တခုနဲ့ ဖြစ်ဖြစ် သွားမှတ်ပေးထားပါ။

ပြီးရင် သင့်ဖုန်းမှ လိုအပ်တဲ့ Contants တွေ ကို Back Up လုပ်ပေးထားပါ။ Battery ကလည်း 50% နဲ့ အထက် ရှိနေရပါမယ်။ သတိထားပါ. Bootloader Unlock မအောင်မြင်ရင် ဖုန်းတခုလုံး Hard Brick ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့်သေသေချာချာလုပ်ပေးဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။

Fastboot package and USB Driver ကို Download လုပ်ပေးပါ Download As Mediafire :

Instruction တွေကို step by step ရှင်းပြပါမယ်-
  1. ဒေါင်းထားတဲ့ Fastboot package and USB Driver ကို Extract လုပ်ပီးတော့ Desktop ပေါ်မှာ ဖြစ်ဖြစ် Local Disk (D) ထဲမှာဖြစ်ဖြစ်သွားထားထားလိုက်ပါ။
  2. သင့်ဖုန်းကို Power Turn Off လုပ်ထားပေးပါ.
  3. ပြီးရင် PC နဲ့ ဖုန်းကို USB နဲ့ ချိတ်ထားပေးပါ.
  4. ဖုန်းကို Fastboot Mode ထဲကိုရောက်အောင်သွားပေးပါ Volume Up ကိုနိုပ်ပီးတော့... (USB နဲ့ ချိတ်ပြီးပြီးချင်းမှာပဲ Volume Up ကိုနိုပ်ပေးပါ. Fastboot ထဲကိုရောက်သွားပြီးဆိုရင် ဖုန်းထိပ်မှာ အပြာရောင် မီးလေးလင်းလာမှာကိုတွေ့ရမှာဖြစ်ပါတယ်။
  5. အဲ့အချိန်မှာ Window က သူ့ဟာသူ Auto Driver Installation လုပ်ပါလိမ့်မယ်. Auto Driver Installation မလုပ်တဲ့အခါကြရင် extract လုပ်ထားတဲ့ Fastboot Mode ထဲက usb_driver ဆိုတဲ့ folder ပတ်လမ်းကိုရွေးပေးပြီးတော့ driver install လုပ်ပေးပါ။
  6. Installation ပြီးသည်နှင့် တပြိုင်နက် USB Cable ကို unplug လုပ်ပေးပါ။
  7. ပြီးရင် http://unlockbootloader.sonymobile.com/ ထဲကိုဝင်ပြီးတော့ bootloader unlock လုပ်ပေးပါ။ 
  8. ပေါ်မှာပြထားတဲ့ screen shot တွေကို ကြည့်ပြီးတော့ "Create Unlock Request" page ကိုရောက်တဲ့အခါ မှတ်ထားတဲ့ IMEI,Your Name, Your Address ကိုဖြည့်ပေးပါ။ 
  9. Command Prompt ထဲဝင်လိုက်ပါ။ 
  10. Extract လုပ်ထားတဲ့ Fastboot folder ထဲက ပတ်လမ်းရွေးပေးပါ။
  11. ပြီးရင် အပေါ်က ပြထားခဲ့တဲ့ step (3) or (4) အတိုင်း ပြန်သွားပေးပါ Fastboot Mode ထဲကို။ 
  12. ပြီးသွားတဲ့အခါကြရင် "fastboot.exe -i 0x0fce getvar version" ကိုရိုက်ထည့်ပေးပါ။
  13. Command Result က 0.5 ထွက်လာရင် ဆက်သွားပြီးတော့ "fastboot.exe -i 0x0fce oem unlock 0xKEY" ကိုရိုက်ပေးပါ။
  14. ပြီးသွားရင်တော့ သင့် Sony Xperia S LT26i မှာ Bootloader Unlock ဖြစ်သွားပြီးဆိုတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ :) 






Ref: mmphonehelpdesk

5:50 PM | Posted in | Read More »

How To Install Myanmar Font & Keyboard in Xperia

Xperia Series မှာ Myanmar Font နဲ့ Keyboard သွင်းဖို့အတွက်ပါ။ အောက်မှာ ပေးထားတဲ့ APK ဖိုင် ၂ ခုကိုဒေါင်းပီးတော့ Install လုပ်လိုက်ပီးရင် Zaw Gyi Installer ဖိုင်မှာ ကိုမြင်ချင်တဲ့ Font Style ကို ၆ မျိုးနဲ့ ပြောင်းလို့ရပါတယ်။ Font Install လုပ်နေတဲ့အချိန်မှာ ဖုန်းက ဟန်းးသွားတယ်လို့ထင်ရပါတယ်။ ဘာမှမနိုပ်ပဲ ပြီးသွားတဲ့အချိန်ထိ စောင့်လိုက်ရင် အဆင်ပြေမယ်ထင်ပါတယ်။ :)






5:33 PM | Posted in | Read More »

IOS 5.1.1 အတွက် Zawgyi ကီးဘုတ်နှင့် Myanmar Font

မြန်မာစာ Font သွင်းရန် မိမိ၏ Device သည် Jailbreak ဖြစ်ရမည်။
Jailbreak ဖြစ်ပါက cydia ထဲမှာ http://cydia.macforus.com ကိုထည့်လိုက်ပါ။


  •  Zawgyi IOS 4.3 Font ကို အင်စတောလုပ်ပါ
  • MMKeybord for IOS5+ ကို အင်စတောပါ

ထို့နောက် Setting>>General>>Internation>>keyboards>>Add New Keyboard>>Czech ကိုရွှေးပေးပါ ။

3:51 PM | Posted in | Read More »

Internet Download Manager v 1.2 Fro Android

Android နဲ့ဒေါင်းလုပ်ဆွဲချင်တဲ့သူငယ်ချင်းများ အတွက်လည်း PC နဲ့သုံးသလိုဘဲ ဒေါင်း လုပ် Speed ကို ရှယ်ဆွဲပေးနိုင်မယ့် IDM လေးပါ။ Version ကတော့ 1.2 ဖြစ်ပါတယ်။ File Size ကလည်း 117.6KB ဘဲရှိလို့ ဒေါင်းလိုက်တာ နဲ့ဖွတ်ရွတ်ဆို ပြီးသွားမှာပါ။ Android Version 1.5 နှင့်အထက်ဖုန်းများ မှ အဆင်ပြေနိုင်ပါတယ်။

သူငယ်ချင်းများလည်း စမ်းပြီးသုံးချင်ရင်တော့ အောက်က Linkမှာဒေါင်းယူနိုင်ပါတယ်ဗျာ။
အားလုံးဘဲအဆင်ပြေကြပါစေနော်။

7:19 PM | Posted in | Read More »

Android ဖုန်းများတွင် 3G Internet Setting ထည့်နည်း

Android ဖုန်းများတွင် အင်တာနက် setting ထည့်နည်းလေးတွေ ကို မိမိနဲ့ အဆင်ပြေမယ့် နည်းလေးတွေ ကို သိရှိစေဖို့ ဖော်ညွန်းပေးလိုက်တာပါ။ အင်တာနက်ပေါ်က တခြားဆိုဒ်များကနေ သင့်တော်မဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးထားတာပါ။ အဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။ 

GSM အမျိုးအစားများအတွက်

GSM ဖုန်းများ အင်တာနက်သုံးရန် Setting ချိန်နည်း ( Android )
  1. ပထမဦးစွာ Setting ထဲကိုဝင်ပါ
  2. Wireless & networks ထဲဝင်ပါ
  3. Mobile networks ထဲကိုဝင်ပါ
  4. Access Point Names ကိုဝင်ပါ
  5. Menu Key ( မျဉ်းကြေင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ
  6. အောက်ပါအတိုင်းလိုက်ဖြည့်ပါ

  • Name – မိမိနှစ်သက်ရာ ( ကြိုက်တဲ့နာမည်ပေးလို့ရတယ် )
  • APN – mptnet
  • Proxy – ဘာမှမထည့်ပါ
  • Port – ဘာမှမထည့်ပါ
  • username – mptnet
  • Password – 0000
  • Server – ဘာမှမထည့်ပါ
  • MMSC – ဘာမှမထည့်ပါ
  • MMS Proxy – ဘာမှမထည့်ပါ
  • MMS Port -ဘာမှမထည့်ပါ
  • MMC – 414 လို့ပေါ်နေရပါမယ်
  • MNC – 01 လို့ပေါ်နေရပါမယ်
  • Authentication Type – PAP or CHAP
  • APN type – * ( * ဒါလေးပဲရေးလိုက်ပါ )
  • APN Protocol = IPv4 ကိုရွေးပါ
ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်ပါ
နောက်တစ်ဆင့်က
၁ – setting ကိုဝင်
၂ – Wireless & Networks ထဲကိုဝင်
၃ – Mobile Network ထဲကိုဝင်
၎ – Data Enable ကို အမှန်ချက်လိုက်ပါ

ဒါဆိုရင် သင့်ဖုန်းရဲ့ Notification Bar ( အပေါ်ဘက် လိုင်းအားပြသောနေရာ နံဘေး) တွင် အပေါ်တက်
 အောက် ဆင်း မြှားလေးတစ်ခုပေါ်လာပါ့မယ် အင်တာနက်စသုံးလို့ရပါပြီ။
မပေါ်လာပါက ဖုန်းကို ပါဝါ ပိတ်ပြီးပြန်ဖွင့်ပါ ….
အဆင်ပြေကြပါစေ

5:11 PM | Posted in | Read More »

C8812+U8818 Rooting and Installing Myanmar Font

Huawei C8812+U8818 ကို ROOT လုပ်မယ်။ ပြီးရင် Myanmar Font ထည့်မယ်။


ကျွန်တော် U8818 နဲ့ C8812 ကိုအောက်ပါ  ROOT လုပ်နည်းဖြင့် အသုံးပြုနိုင်ပါသည်။
အရင်ဆုံး အောက်မှာ Download ချသွားလိုက်ပါ။

 
 
Root လုပ်နည်း

အားလုံးပြီးသွားရင်တော့ မိမိစက်မှာ မိမိဖုန်း Driver တင်ထားပါ။ ပြီးလျှင် USB Debugging ကို Enable လုပ်ဖို့အတွက် ဖုန်းရဲ့ Setting > Development > USB Debugging ကို အမှန်ခြစ်ပေးလိုက်ပါ။
ပြီးလျှင် မိမိဖုန်းကို Power ပိတ်လိုက်ပါ။ ပြီးလျှင် Volume Down + Power ကို ဖိထားပေးပါ။ ဒါဆို Logo မှာပဲ ရပ်နေပါမယ်။ ခဏထားထားလိုက်ပါ။
Super Click.rar ကို Extra Here လုပ်လိုက်ပါ။ အထဲမှာ Super Root ဆိုတဲ့ Folder ကို တွေ့ပါလိမ့်မယ်။
အဲထဲမှာ install-superrecovery-windows.bat ဖိုင်လေးကို Run လိုက်ပါ။
ခုနက Logo တက်နေတဲ့အတိုင်း USB ကြိုးဖြင့် မိမိဖုန်းကို ကွန်ပျူတာနှင့် ချိတ်လိုက်ပါ။
ချိတ်ပြီးလျှင် ခုနက .bat File ကသူ့ကသူ လုပ်နေပါမယ်။ မလုပ်လျှင် Enter ခေါက်ပေးလိုက်ပါ။
ခုနက အလုပ်လုပ်နေတာ ရပ်သွားရင်တော့ ကြိုးကိုဖြုတ်လိုက်ပါ။ ပြီးလျှင် Battery ကိုဖြူတ်ပြီး ပြန်တပ် လိုက်ပါ။
ပြီးလျှင် Volume Up+ Power ကို ဖိထားလိုက်ပါ။ 
Android Logo လေးတက်လာပါမယ်။ ပြီးလျှင် Recovery Mode ထပ်တက်လာပါမယ်။
Volume down+up ကိုအသုံးပြုပြီး Reboot System Now ကို Power Button နှိပ်ကာ ရွေးပေးလိုက်ပါ။ Reboot ကျသွားပါမည်။
ပြန်တက်လာပြီဆိုလျှင် မိမိဖုန်းရဲ့ Application List ထဲမှာ Superuser ဆိုတဲ့ Icon လေးရှိနေပါမယ်။ ဒါဆိုရင်တော့ Root လုပ်တာ အောင်မြင်သွားပါပြီ။

Myanmar Font သွင်းခြင်း

မြန်မာဖောင့်သွင်းဖို့အတွက် Myanmar Mobile Application Store ရဲ့ Product ဖြစ်တဲ့ Font Changer ကို အသုံးပြုသွားမှာပါ။ Font Changer.apk နဲ့ MyanDroid Soft Keyboard.apk ကို မိမိဖုန်းရဲ့ SD Card ထဲ ထည့်လိုက်ပါ။ ပြီးလျှင် နှစ်ခုလုံးကို Install လုပ်လိုက်ပါ။ Font Changer ကိုဖွင့်လိုက်ပါ။ Superuser Requested ! လို့မေးလျှင် Grant ကိုရွေးပေးပါ။ ပြီးလျှင် ဇော်ဂျီဖောင့်ပြောင်းရန် ဆိုတာကို နှိပ်လိုက်ပါ။ သူ့ကသူ Reboot လုပ်နေပါမယ်။ ခဏစောင့်လိုက်ပါ။ ပြန်တက်လာလျှင် မြန်မာလို မြင်ရပြီ ဖြစ်ပါတယ်။ စာရိုက်ဖို့အတွက် ဖုန်းရဲ့ Setting > Language & Keyboard > ထဲမှာ MyanDroid Soft Keyboard ကို အမှန်ခြစ်ပေးလိုက်ပါ။

ရမရ စမ်းချင်လျှင် Notepad ကို ဖွင့်လိုက်ပါ။ စာရိုက်မယ့်နေရာမှာ ခပ်ကြာကြာလေး ဖိလိုက်ပါ။ Input Method ပေါ်လာပါမယ်။ အဲမှာ MyanDroid Soft Keyboard ကို ရွေးပေးလိုက်ပါ။ ပြီးလျှင် စာရိုက် ကြည့်ပါ။ မြန်မာလို မြင်ရပြီ ဖြစ်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ။

4:28 PM | Posted in , | Read More »

Fring Android

Fring ကိုအသုံးပြုပြီ G-Talk ကို Android ဖုန်းဖြင့် အခမဲ့စကားပြောရအောင်



လိုချင်တဲ့သူငယ်ချင်းများ အောက်မှာဒေါင်းပါ ...



fring 3.8.1.6

Requirements: Android v2.1+ V3.8.1.6 update: * Improved voice quality – for clearer calls on the latest Samsung devices like Galaxy S II * Assorted bug fixes – eliminating many of those pesky bugs * As always feedback is welcome, contact…
Size:5.5MB
Overview: Group Video Calls, VoIP & Chat for free from fring
* Group Video Chat with 4 friends video chat at the same time!
* Video chat with DVQ™ technology (more below) on 3G,4G & WiFi
* Free calls to other fring users worldwide
* Free live text chat (no more expensive SMS)
NOW: Fixed ‘upside down’ video chatting on many devices. If you still have issues, contact support@fring.com with your device details
THE ULTIMATE VIDEO CHAT APP
The ONLY GROUP VIDEO CHAT app. Group Video with friends on Android or iPhone/iPad. Up to 4 participants can group video call, jam, reunite, sing, dance or whatever you do when you get together. 4 friends on 1 screen.
The HIGHEST QUALITY Video chat possible! fring’s video calling DVQ™ technology (Dynamic Video Quality) gives you the best video and audio quality possible by automatically and continuously adjusting your video call quality to match your connectivity.
Get fring and get…
* The only free mobile Group Video Call service in the world!
* Video call/Call any other Android, iPhones, iPod touches, Nokia and more
* See your friends real-time status; you can chat with your friends before video-calling them
* Fun and easy to use
Learn more at www.fring.com
Follow us on Twitter at http://twitter.com/fring
Like us on Facebook http://www.facebook.com/fring
Follow our blog at http://www.fring.com/blog
Having issues with fring or one of fring’s features? We appreciate your feedback. Please email us with a description of the issue to support@fring.com

Download From QR Code:   QR Code App:Barcode Scanner
QR Code For fring 3.8.1.6
Download From Market Link:
download button fring 3.8.1.6 on Android Market
Download From apktop:
download button Download fring 3.8.1.6

7:05 PM | Posted in | Read More »